ဒီနေ့တော့ဘာရယ်မဟုတ် ပစ်ထားတာကြာပြီဖြစ်တဲ့ ကိုယ့်blog လေးဘက်ခြေဦးလှည့်ရင်း ကိုယ်ကြိုက်တဲ့ blogger တွေထဲဝင်မွှေနှောက်မိတယ်။ဆရာမမေငြိမ်းရဲ့ နောက်ဆုံးရေးထားတဲ့ "ချစ်ရသူတွေကို လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" ၊ မမိုးငွေ့ရဲ့ "black sky"၊ မောင်မျိုး ရဲ့ "အဘ" အကြောင်းလေးတွေ ဖတ်ပြီး စိတ်အဆာပြေသွား။
အမသက်ဝေ ကိုတော့ ဖဘမှာ ဖောလိုလုပ်ထားတော့ သိပ်တော်တဲ့ သားလေးရဲ့မေမေသက်ရဲ့ စာတွေတော့ သိပ်မစိမ်း။ ကျမနှစ်သက်တဲ့ blogger ကိုညီလင်းသစ်တယောက်တော့ ပျောက်နေတုန်း။
ဖဘမှာ စာရေးကောင်းတဲ့သူတွေရှိပေမဲ့ blogလောက်မဖြူစင်ဘူးလို့ တခါတခါတွေးမိတယ်။ ဟုတ်တယ်လေ.. ဖဘမှာ like တာ ၊ share တာ ၊ commentရေးတာ တခါတလေ ဘော်ဒါအကန့်တွေပါတာသိနေတာကိုး။ blogမှာတော့ ကိုယ့်သူမသိ သူ့ကိုယ်မသိဆိုတော့ ကိုယ်ကြိုကြား ကြိုကြားရတဲ့ comment လေးတွေဆိုတစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေရော။ ပြီးခဲ့တဲ့ ၂နှစ်မှာ လူမှုရေး၊ စီးပွါးရေး ဘာတွေရှုတ်နေမှန်း မသိတာနဲ့ပဲ စိတ်ထဲပေါ်လာသမျှကို ဖဘမှာstatus ကောက်တင်လိုက် ကိုယ့်ဘာကိုယ်မြိုချလိုက်နဲ့ပဲ blogဘက်ကိုမရောက်ဖြစ်ဘူး။ အခုတော့ ပြန်ရေးချင်စိတ်ပေါ်လာလို့ စိတ်ထဲခံစားရသမျှရေးဖို့ ပြန်လာပါအုံးမယ် လို့။
Showing posts with label the Primero. Show all posts

Monday, 24 July 2017
Tuesday, 27 August 2013
နောက်ကျနေသော အိတ်တလုံး (တဂ်ပို့စ်)
တခါမှတဂ်ပို့စ်ကိုမရေးဖူးပါဘူး။
မမသက်ဝေက အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်ဆိုပြီး
ရေးဖော်ရေးဖက်အားလုံးကိုတဂ်ပါတယ်ဆိုတော့ ဘယ်ပြောကောင်းမလဲ။ ခုမှ စာစရေးပြီး
ကိုယ့်ဘာကိုယ် အတင်း စီနီယာအကို အမတွေရဲ့ စာရေးဖော်လုပ်ပလိုက်တယ်။ ဒါပေမဲ့
သိတယ်မှတ်လား။ စိတ်ထဲမှာတော့ ငါ့အိတ်က ဒီအမလောက် မများပါဘူးပေါ့။
ရေးစရာမှရှိပါ့မလားလို့ တွေးတောင်ပူလိုက်သေး။ ဒါပေမဲ့ပေါ့လေ...
ပိုက်ဆံအိတ်ထဲမှာ
-တထွာခန့်ရှည်ပြီး ၁လက်မခန့်ထူသော မိန်းခလေးကိုင် အညိုရောင်သားရေ ပိုက်ဆံအိတ်တလုံး။ ပိုက်ဆံအိတ်ထူနေတာ အားလုံးထင်နေကြတဲ့အတိုင်း ပိုက်ပိုက်တွေမဟုတ်ပါဘူး။ ဘဏ်ကဒ်၊ ခရက်ဒစ်ကဒ်၊ စင်္ကာပူပီအာကဒ်၊ အိမ်နားကmallမှာ ခေါင်းလျှော်ရည်လို၊ ဆပ်ပြာရည်လိုမျိုး တခုခုလိုရင်အလွယ်တကူ ပြေးဝယ်နေကြ "watson"ကဒ်နဲ့ ဖိနပ်မြင်မနေနိုင် မထိုင်နိုင်ဝယ်ဖြစ်လွန်းလို့ မဖြစ်မနေထည့်ထားတဲ့ "Charles & Keith"က ကဒ်အမဲလေး။ နောက်ပြီး ပိုက်ဆံအိတ်နောက်က အကန့်ထဲမှာ ပလက်စတစ် အိတ်သေးသေးလေးနဲ့ ထည့်ထားတဲ့ ရုပ်ဆိုးဆိုးနဲ့ Passport ပုံတချို့( ခရီးသွားလို့ visa လျှောက်ရင် ရုပ်ဆိုးပုံတွေထပ်ပြီး မရိုက်ရစေရန် ) ပိုက်ဆံဆိုလို့ ၁၀တန် တချို့ရယ်၊ မြန်မာပြည်ပြန်တုံးကLuckရွှင်တယ်ဆိုပြီး သူများပေးထားတဲ့ ၅၀၀၀တန် တရွက်ရယ် ဒါပဲရှိတယ်။ ဘာတွေမှန်းမသိ ခေါက်သိမ်းထားတဲ့ စာရွက်တွေကို ဘယ်သူမှမမြင်ခင် လွှင့်ပစ်လိုက်သည်။
-ချည်ထည် အမည်းနဲ့ခရမ်းစပ်ထားတဲ့ မြန်မာပြည်ဖြစ်နောက်ထပ် ပိုက်ဆံအိတ်တလုံး။ဒီအိတ်ကို အများအားဖြစ် ရုံးကနေ နေ့လည်စာထွက်စားတဲ့အခါသုံးပါတယ်။အထဲမှာ ၁၀တန် တချို့၊၂ကျပ်တန် တချို့ နဲ့ ချမ်းသာသမျှ အကြွေ တွေပါ။ ကျမက တကျပ်နဲ့ပြား၅၀ အကြွေကိုစုဘူးထဲထည့်ပါတယ်။ စုဘူးသုံးတဲ့ အကြောင်းရင်းက အကြွေတွေက လေးလို့ပါ။နောက်တခုက စုဘူးဖောက်ရင် ၁၀၀မျိုး ၂၀၀မျိုးပိုက်ဆံထွက်လာတာဆိုတော့ shopping လုပ်ဖို့ အပိုရတာပေါ့။ဟုတ်ဘူးလား။ ဒီထဲမှာနောက်ထပ်တွေ့တာ ဘယ်တော့မှ မသုံးဖြစ်တဲ့ ကလစ်အသေးတခု၊ Challenger ကအလကားရထားတဲ့ ပန်းရောင် 8G thump drive တခု။
-ရာသီမရှိပဲ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ဒီနိုင်ငံမှာ ထီးမယူဘဲ နေပူကြီးထဲလျှောက်သွားလို့ အပူရှပ်လိုက်၊ မိုးရွာထဲဖြတ်ပြေးလို့အအေးပတ်လိုက်ဖြစ်နေတဲ့ ကျမကိုမကြည့်ရက်လို့ သူငယ်ချင်းအမေဝယ်ပေးသွားတဲ့ သရက်သီးတံဆိပ် ပန်းရောင်ထီးတချောင်း။
-ရုံးထဲဝင်ဖို့ ကဒ်။
-ရထား၊ ကားစီးဖို့ EZ link ကဒ်။

-အနက်ရောင်မှန်ဝိုင်းလေးတခု၊
အဆီစုပ်စက္ကူ တထုတ်၊ Macက မျက်နှာလိမ်း ပေါင်ဒါတဗူး ၊ နှုတ်ခမ်းနီ
၃တောင့်က ကိုယ်အပူချိန်ကိုလိုက်ပြီး အရောင်ပြောင်းတယ်လို့ ကြေငြာတဲ့
အဆီတမျိုး၊ လက်ဆောင်ရပြီး ကျမနဲ့သိပ်မလိုက်ပေမဲ့ ဆိုးဖြစ်နေတဲ့ ပန်းရောင်
တတောင့်၊ လိမော်ရောင် နောက်ထပ်တတောင့် (တခါမှ ရုံးမှာထုတ်မဆိုးဖြစ်၊
ဘာကြောင့်သယ်နေမှန်းမသိ)
-Evelyn Crabtree Hand cream တတောင့် နဲ့ အစုံသုံး လိုးရှင်းတဘူး။ (ဒါလဲ တော်ရုံထုတ်မလိမ်းဖြစ်)
-ရေမွှေးအဆီပုလင်းသေးသေးလေးတခု၊ မှတ်မှတ်ရရ Arab Stက ဝယ်လာတာ၊ နည်းနည်းသုံးပြီး အနံ့အရမ်းချိုအီလို့ အခုမကြိုက်တော့။
-ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း စာရွက်နဲ့ ရုံးသွားရုံးပြန်လမ်းမှာရွတ်ဖို့ ရည်ရွယ်ပြီးထည့်ထားတဲ့ ပရိတ်ကြီးဆယ့်တသုတ် မြန်မာပြန် (အမေကတော့ပြောတယ်. ဘုရားစာအုပ်လေးပါတာတော့ မဆိုးပါဘူးတဲ့။ သူ့သမီး အမြဲမရွတ်ဖြစ်တာ သိပုံတော့ရသား)
-Pasco ပန်းရောင် - သုံးနေဆဲ tissue တထုတ်။
-Menthol တတောင့်။
-Ibanking remote တစ်ခု။
-ဟိုနေ့ကမှ အောက်ပြုတ်ကျပြီးကြေသွားတဲ့ မှန်နဲ့ရုပ်ဆိုးနေတဲ့ iphoneလေးနဲ့ ဖြစ်သလိုထည့်ထားတဲ့ နားကျပ်။
-ebook တွေနဲ့ သီချင်းတွေထည့်ထားတဲ့ အဖုံးအနီနဲ့ Ipadလေး။

-ဘောပင်
၂ချောင်း၊ တချောင်းက မီးထွန်းဖို့ (ဟီး စတာ)။ တချောင်းက အပြာရောင်
ဘောပင်သေးသေးလေး။ ပုလဲ သရဖူလေးပါလို့ ဒီဇိုင်းလေးချစ်လို့ ထည့်ထားတာ၊
ရေးလို့ကတော့ မကောင်း။ ဒီတော့ရေးကောင်းတဲ့ Uni ball နောက်ထပ်
အနက်ရောင်တချောင်းထပ်ထည့်။
-ရှိသမျှ သော့တွေတွဲထားတဲ့ သော့တွဲတခု။
ဒါကတော့ နေ့စဉ်ကျမ အိတ်ထဲမှာပါနေကျတွေပါ။ သွားမည့်နေရာနဲ့ အချိန်ကိုလိုက်ပြီး တခါတလေ အိတ်ထဲမှာ ပုဝါလဲပါ၊ cameraလဲပါနဲ့ ကျမကတော့ အိတ်ကြီးကြီးကိုင်ပြီး ကြုံသလိုကို ပစ်ထည့်နေတော့တာ။ နေမကောင်းပဲ ရုံးသွားတဲ့ရက်တွေဆို Raffle Medical ဆေးအိတ်လေးတောင်ပါသေး။ အိတ်ထဲမှာရှိတာတွေချရေးပြီးတော့ "ငါ့အိတ်က ဒီအမလောက် မများပါဘူး" လို့ အရင်ကတွေးမိတာ ပြန်တွေးမိတော့ အသံထွက်အောင်တောင်ရီမိသေးတယ်။ ပြီးတော့ ကျမအိတ်က သူများတွေလို ပစ္စည်းတွေက သူ့အမျိုးအစားနဲ့သူ သပ်သပ်ရပ်ရပ်၊စီစီရီရီထည့်ထားတာ မဟုတ်ဘူးရယ်။ အိတ်ကြီးထဲက အတွင်းအိတ်လေးတွေထဲ ကြုံသလိုထည့်ထားတာလေး။ ကိုယ့်အိတ်ကိုကိုယ်ပြန်ကြည့်ပြီး "အော် ..ငါတို့ငယ်ငယ်ကသင်ရတဲ့ အရူးလွယ်အိတ်ဆိုတာ ဒါမျိုးနေမှာ" လို့တွေးရင်း ဒီ တဂ်ပို့စ်ကို ချစ်ခင်စွာရေးပါသည်။

Tuesday, 3 July 2012
ကျေးဇူး စကား
တနေ့တနေ့ My Blog - Stats ကနေ ဘယ်သူတွေလာကြည့်မလဲ။ ဘာများ ရေးသွားမလဲနဲ့ ချောင်းချောင်းကြည့်နေတာ ကြာပါပြီ။
ဒီနေ့ View ၆၀ကျော်တဲ့ အတွက်ဝမ်းသာအားရနဲ့ ဒီpost ကိုရေးပါတယ်။
ဘာမှမပြည့်စုံသေးတဲ့ အချိန်မှာ ခဏဖြစ်ဖြစ် လာကြည့်တဲ့ သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

Wednesday, 27 June 2012
The Beginning.
“The discipline of writing something down is the first step toward making it happen.” (Lee Lacocca)
Picture credit to lonelyplanet.com
Picture credit to lonelyplanet.com
Subscribe to:
Posts (Atom)