အိမ်ထဲကိုဝင်တာနဲ့
The Little Nyonya ထဲကအိမ်ကြီးထဲကိုရောက်သွား သလိုပါပဲ။
၁၉ရာစုက ဆောက်ခဲ့တဲ့အိမ်ကြီးက လက်မှုအနုပညာတွေနဲ့ တခမ်းတနားပါ။
ကျမသဘောအကျဆုံးက ဝင်သွားတာနဲ့ လင်းချင်းနေတဲ့ အိမ်မကြီးရဲ့ အလည်ခန်းပါ။
အိမ်ပုံသဏ္ဍန်က ၂ထပ်အိမ်အမျိုးအစားကို အလည်ကခေါင်မိုးအမြင့်နဲ့ ဘေးက
အခန်းတွေရန်ထားတဲ့ပုံမျီုးမို. နေရဲ့အလင်းရောင်က အိမ်မကြီးရဲ့အလည်ခေါင်မိုးအမြင့် ကနေ တအိမ်လုံးကိုဖြာနေတော့တာပေါ့။
ဒီပုံကို peranakanmansion.com.my website ကယူတာပါ။ အိမ်ဝင်ဝင်ချင်း ဘယ်ဘက်မှာရှိတဲ့ ဧည့်ခန်းပေါ့။ ဧည့်ခန်းရဲ့ နောက်က ကနုတ်ပန်းတွေနဲ့ဒီဇိုင်းဖော်ထားတဲ့သစ်သားတခါးက အိမ်ထဲကို evil spiritတွေ အပြင်ကနေတိုက်ရိုက် တန်းဝင်မလာနိုင်အောင်တားထားတဲ့တံခါးလဲဖြစ်ပါတယ်။ အမျိုးသားဧည့်သည်တွေက ဒီတံခါးကိုကျော်ပြီး အိမ်ထဲကိုဝင်လေ့ မရှိပါဘူးတဲ့။ ပြီးတော့ အိမ်မှာရှိတဲ့ Peranakan အမျိုးသမီးငယ်လေးတွေက ဒီတံခါးနောက်ကွယ်ကပဲ ဧည့်သည်တွေကိုချောင်းကြည့်လေ့ရှိကြပါတယ်တဲ့။ ကျမရိုက်တဲ့ ပုံထဲမှာ ဒီလောက်ရည်ရွယ်ချက်မျိုးစုံအတွက် အသုံးဝင်တဲ့ တံခါးမပါလို့ ပုံကိုwebsite ကယူပြတာပါ။ =)

အိမ်မကြီးရဲ့အထက်၊အောက်
အခန်းတွေကုန်အောင် အချိန်ပေးပြီးကြည့်ခဲ့တာ အိပ်ခန်းတံခါးမှန်ကစလို့
ဝရန်တာ တိုင်လုံးတွေအဆုံး plainဖြစ်တဲ့နေရာ မရှိသလောက်ကို
ရှားပါတယ်။ နေရာတိုင်းမှာ ကနုတ်ပန်းလက်ရာ၊ ပန်းပုလက်ရာ၊ ပန်းချီမျိုးစုံနဲ့
အိမ်ကိုအလှဆင်ထားပါတယ်။ ပြောင် နံရံတွေရဲ့ ရှေ့မှာတော. ထိုင်ခုံနဲ့ အလှစားပွဲ၊ ဒါမှမဟုတ် တရုတ်ကြွေပန်းအိုး အကြီးကြီးတွေနဲ့ ပြင်ဆင်ထားပါ တယ်။
ဝန်ထမ်းတွေရဲ့ပြောပြချက်အရ အိမ်ကိုရှေးကထားခဲ့တဲ့အတိုင်း
လက်ရာမပျက်ထားထားတာဆိုတော. Peranakan လူမျိုးတွေရဲ့ အခြေသတင်းကြီးခဲ့တဲ့
သမိုင်းကြောင်းကို မှန်းဆကြည်.မိပါတယ်။
လာပါပြီ။အိမ်မကြီးရဲ့ အနောက်ဘက်က ကျမမျှော်လင့်နေတဲ့အခန်း။အနောက် ဘက်က အဆောင်ထဲမှာ Baba Nyonyas တွေရဲ့ အဝတ်အစားအသုံးအဆောင်တွေ ပြထားတယ်ဆိုကတည်းက cameraတပြင်ပြင်နဲ့ လက်ယားနေခဲ့တာ..ဝင်ဝင်ချင်းပဲေ ငွနဲ့လုပ်ထားတဲ့ ဆွဲသီးတွေ၊ လက်ကောက်တွေတွေ့တော. Nyonyas တွေရဲ့လက်ဝတ်လက်စားတွေ ဟဲ့ဆိုပြီး
ဓါတ်ပုံတွေ တဖြတ်ဖြတ်ပေါ့။ ရှေးလက်ရာတွေ၊ ခုလက်ရာတွေမတွေးနိုင်ဘူး
ဓါတ်ပုံကိုရိုက်ချင်နေတာ။ မကြာဘူး ဝန်ထမ်းအမျိုးသမီး အနားရောက်လာပြီး ..."Excuse me. You can't take photos of our design. We are selling it.
Would you like to make a purchase?" ဆိုတော့မှ "Sorry" တွင်တွင်ပြောရင်း
ကိုယ့်မှာ ရှက်ရှက်နဲ့ လစ်ထွက်လာရတယ်။
အဲဒီအရောင်းပြခန်းကိုလွန်မှ အများမျှော်လင့်စောင့်စားနေတဲ့ အဝတ်အစားအသုံးအဆောင်တွေပြခန်းကိုရောက်ပါတယ်။ အခန်းရဲ့အလည် တလျှောက်လုံးမှာ မှန်ဗုံးတွေနဲ့ တန်ဖိုးကြီး လက်ဝတ်လက်စားတွေ အသုံးအဆောင်တွေပြထားပါတယ်။ ဘေး ၂ဘက်နံရံမှာတော့ ဓါတ်ပုံတွေနဲ့ အဝတ်အစားအချို.ကို မှန်ဘောင်သွင်းပြီးချိတ်ထားပါ တယ်။ အောက်မှာတော.
Dresser လို့ခေါ်တဲ့ ဗီရိုအပုလေးတွေနဲ့ တခြားအိမ်အသုံးအဆောင်တွေ၊ beaded
ဖိနပ်တွေ စုံအောင်ပြထားပါတယ်။ အခန်းထဲကိုစဝင်သွားတာနဲ့ တကယ့်ကို
ဝါဝါဝင်းပါပဲ။ Baba Nyonyas တွေ ကရွှေကိုနှစ်သက်တာမှ လက်ဝတ်လက်စားကစလို့ သွားကြားထိုးတံအထိ ရွှေနဲ့လုပ်ပါ တယ်။ နားဖါကလော်လဲရွှေနဲ့ပါပဲ။
ကျောက်စိမ်းအဖြူ - White Jade နဲ့လုပ်တဲ့ ဝိုင်ခရား
ကျောက်စိမ်းအဖြူ - White Jade နဲ့လုပ်တဲ့ ဝိုင်ခရား
ပုံတွေနဲ့ ပိုစ့်အရမ်းရှည်သွားမှာစိုးလို့ ဒီနေရာမှာ ခဏလေးဖြတ်ထားချင်ပါတယ်။ ပြန်လာ လည်ပါအုံးနော်။ Nyonyas ဝတ်စုံတွေနဲ့ သူတို.လူမျိုးရဲ့ စိတ်ဝင်စားစရာဓလေ့တွေအကြောင်း ဆက်ရေးနေပါတယ်။
အိမ်ကြီးရဲ့ အပြင်အဆင် ဒီဇိုင်းနဲ့ အသုံးအဆောင်တွေကို တွေ့ရတာ ဗဟုသုတ ရပါတယ်၊ ရောင်းကုန် လက်ဝတ်လက်စား တွေကို ဓါတ်ပုံရိုက်မိတဲ့ အဖြစ်ကလည်း ပြုံးချင်စရာ..၊း) လာလည်ပါဦးမယ်ဗျာ...။
ReplyDelete