မြန်မာပြည်အလည်ပြန်ဖို့ ရက်ကနီးလာပြီဆိုတော့
ရုံးအားရက်တွေမှာအများဆုံးလုပ်ြ
ဖစ်နေတာက လက်ဆောင်ဝယ်တာနဲ့
စာရင်းမှတ်တာပါပဲ။ တနှစ်မှတခါ၊ တခါအလေ နှစ်နှစ်မှတခါ အလည်ပြန်တာလဲဖြစ်၊
ကိုယ်ချစ်ခင်တဲ့ မိဘဆွေမျိုးတွေ၊ မောင်နှမတွေ၊ သူငယ်ချင်းတွေကို
ဘာရယ်မဟုတ် မုန့်ကလေးပဲကလေးပဲဖြစ်ဖြစ်၊ လက်ဆောင်တိုတိုထွာထွာလေးပဲဖြစ်ြ
ဖစ်
မှတ်မှတ်ရရသယ်သွားချင်တာလေ။ ကျွန်မပြန်တဲ့အခါတိုင်းလဲ သူတို့က
အချိန်ပေးပြီး တကူးတကလာတွေ့ကြ၊ မုန့်ပေးကြနဲ့ မဟုတ်လား။ ဒါပေမဲ့လဲ
"ဘဲအုပ်ကတရာနှစ်ရာ မဗေဒါတပင်ထဲ" ဆိုသလို လက်ဆောင်အားလုံးကို
တပြိုင်ထဲဝယ်မယ်ဆိုမယ်ဆိုရင်တော
့ ရှိတဲ့လခလေး
လဆန်းပိုင်းမှာပဲပြောင်သွားနို
င်ပါတယ်။
ကျွန်မက လက်ဆောင်ပေးရတာ
အင်မတန်ဝါသနာပါပါတယ်။ အထူးသဖြင့် ကျွန်မချစ်ရ၊ ခင်ရတဲ့ ကျွန်မနဲ့
အင်မတန်ရင်းနီးတဲ့သူမျိုးတွေအတွ
က်ဆို ပိုပြီးဈေးဝယ်ထွက်ချင်ပါတယ်။
သူတို့တွေနဲ့ အပြင်သွားတဲ့အခါ၊ တူတူရှိတဲ့အခါ သူတို့ကြိုက်တတ်တာလေးတွေ
မှတ်ထားပြီး ကျွန်မတတ်နိုင်တဲ့ ငွေအတိုင်းအတာလေးထဲကဆိုရင်
လက်ဆောင်ဝယ်ရတာအဆင်ပြေသွားပါပြီ
။ မကြိုက်မှာပူစရာ မလိုတော့ဘူးလေ။
ဒါ့အပြင် သွားရင်းလာရင်း ကြုံကြိုက်တဲ့အခါ၊ ကိုယ်လိုချင်တဲ့ ပစည်းကို
ပုံမှန်ထက် အကြောင်းအမျိုးမျိုးကြောင့်ဈေး
လျှော့ရောင်းတဲ့အခါမျိုးတွေမှာ
ကြုံရင်ကြုံသလို ဝယ်ထားလို့ရပါတယ်။ မုန့်ကလွဲရင်ပေါ့ရှင်။
လက်ကိုင်အိတ်၊ ချစ်စရာ လက်ဆောင် ပစ္စည်းလေးတွေ၊
ခရီးသွားလာရာမှာအသုံးဝင်မဲ့ လိုးရှင်းလို၊ ဆက်ပြာရည်လို မျိုးကြတော့ ၄၊၅လ
ကြိုဝယ်ထားလဲ အဆင်ပြေတာမဟုတ်လား။ ဒီနိုင်ငံကသူတွေကြည့်တတ်တဲ့ Groupon
တို့လို Dealတို့လို websiteမျိုးတွေကလဲ တခါတလေ ပစ္စည်းလေးကောင်းလေးတွေ
မထင်မှတ်တဲ့ဈေးနဲ့ ရတတ်ပါတယ်။ ကိုယ်က မှန်မှန်သွားကြည့်ဖို့တော့လိုတာ
ပေါ့လေ။
ကျွန်မကတော့ ပြန်မယ်လို့ စဉ်းစားထားရင် ၄-၅လထဲက ကြိုပြီး တလကို နည်းနည်းစီ
လက်ဆောင်ကြိုစုပါတယ်။ တကယ်တမ်း ပြန်တွက်ကြည့်တဲ့အခါ ကြိုကြိုတင်တင်
ဝယ်စုတာက အချိန်ကုန် သက်သာသလို ငွေကုန်လဲပိုနဲပါတယ်။ လိုချင်တဲ့ ပစ္စည်းလေးတွေကိုအချိန်ဆွဲပြီး ကြိုက်တဲ့ဈေးနဲ့လျှာနိုင်ပါတယ်
။
ကျွန်မငယ်ငယ်ကဆို ကိုယ့်ပစ္စည်းဆိုသိပ်သိတတ်ပြီး ကပ်စီးနဲလိုက်တာမှ တွန့်တိုတဲ့အထဲတောင်ပါမယ်ထင်ပါ
တယ်။ တဦးတည်းသောသမီးလဲဖြစ် မြေးဦးလဲဖြစ်ပြန်တော့ အမျိုးတွေဝိုင်းမြောက်စားထားတာ
နဲ့
တကိုယ်ကောင်းကလဲသိပ်ဆန်ပါတယ်။ ဒီလိုမကောင်းတဲ့စိတ်ကလေးကို
ပြင်ပေးခဲ့တာမေမေပါ။ အလယ်တန်းကျောင်းသူဘဝက ဖေဖေကစီးပွါးရေးလုပ်ငန်းတခုအသစ်
စလုပ်တာဆိုတော့
ရှိသမျှပိုက်ဆံလေး ရင်းနီးတဲ့ထဲကို အကုန်လုံးဝင်နေတာပေါ့လေ။ အဲဒီတုံးက
နွေရာသီကျောင်းပိတ်ရက်တွေမှာ ခေတ်စားတဲ့ ဖက်ရှင်တခုက စပန့်သား
ဝမ်းဆက်တွေပါ။ အရောင်တောက်တောက် အသားအေးအေး ဝတ်စုံတွေကို
အရမ်းကိုကြိုက်တာပေါ့။ တစုံကို ၅၀၀ ကနေ ၇၅၀ကျပ်လောက်ရှိပါတယ်။ လက်ထဲမှာ
ငွေပိုငွေလျှံမရှိတဲ့အချိန်မို
့လို့ မေမေက ၃ထည်ပဲဝယ်ပေးနိုင်ပါတယ်။
အဲဒီ၃ထည်ကိုပဲ တပတ်မှာ ၃-၄ရက်လောက် မချွတ်တန်းဝတ်နေတော့တာပေါ့။ တရက်
အိမ်ကိုနယ်မှာနေတဲ့ ညီမလေးအလည်လာပါတယ်။အသက်က၁နှစ်ေ
လာက်ပဲကွာတာဆိုတော့
သူလေးကလဲ အဝတ်အစားကြိုက်တတ်နေပါပြီ။ နွေရာသီနဲ့ကိုက်တဲ့၊ အေးတဲ့ စပန့်သား
ဝမ်းဆက်တွေကိုသူလဲကြိုက်ပါတယ်။ ရန်ကုန်ကို ၁၀တန်းအမှတ်ခြစ်ဖို့လာတဲ့
ကျွန်မအဒေါ်က ညီမလေးကို လိုက်ဝယ်ပေးဖို့အချိန်မရှ
ိပါဘူး။ ဒါနဲ့ မေမေက
ညီမလေးကို ကျွန်မမှာရှိတဲ့ ၃ထည်ထဲက တထည်ပေးဖို့ပြောလာပါတယ်။ ရှိတာမှ ၃ထည်၊
ပေးလိုက်ရင် ၁ထည်ဝတ်ဖို့လျှော့သွားမယ် ဆိုပြီး စကားပြန်မရတဲ့ ကျွန်မကို
မေမေက
"သမီးရေ ကိုယ်ကြိုက်တဲ့ဟာလေးကို သူများကို စေတနာနဲ့ပေးလိုက်တယ်ဆိုတာ တကယ်တမ်းတွေးကြည့်ရင် ကိုယ့်ဆီမှာလျှော့သွားတာမဟုတ်ပါ
ဘူး။
သမီးက စေတနာအပြည့်နဲ့ ညီမလေးနဲ့တူတူမျှသုံးတယ် ဆိုကတည်းက သမီးမှာကုသိုလ်တွေအများကြီးရသွာ
းပြီ။
ညီမလေးကလဲ သူကြိုက်တာလေးဝတ်ရလို့ ဝမ်းသာတယ်။ ညီမလေးပျော်တဲ့
သမီးလဲပျော်တယ် မဟုတ်ဘူးလား။ စေတနာ၊ အကြင်နာ ရှိတဲ့သူကို နတ်တွေကချစ်တယ်။
သမီး နောက်ဆို အဝတ်လှလှလေးတွေများကြီးဝတ်ရမယ်။
"
တိုက်ဆိုင်တာပဲလားမသိ အဲဒီနှစ်နွေရာသီကျောင်းပိတ်ရက်မကုန်ခင်မှာပဲ
ကျွန်မနှစ်သက်တဲ့ စပန့်သားဝမ်းဆက်၂စုံ
ဦးလေးတယောက်ကလက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ ငါပြန်ရမှာပဲဆိုတဲ့
မျှော်လင့်ချက်နဲ့ လှူခဲ့တာမျိုးရှိခဲ့ပေမဲ့ အခုတော့
လက်ဆောင်ပေးရတာကိုပျော်တတ်နေပါပြီ။ ချစ်တဲ့
ခင်တဲ့သူတယောက်ယောက်အတွက်လက်ဆောင်ဝယ်တိုင်းလဲ ငယ်ငယ်က တွန့်တိုတတ်တာတွေ
ရှက်ရှက်နဲ့ပဲပြန်သတိရမိသေးတယ်။
Adoraလိုပဲ ဒီနှစ် ဒီဇင်ဘာမှာ
အိမ်ပြန်ဖို့ပြင်ဆင်နေတဲ့ အကို၊အမတွေ မောင် ညီမလေးတွေနဲ့ သူငယ်ချင်းတွေကို
ပျော်စရာခရီးလေးဖြစ်ပါစေလို့ ဒီနေရာကပဲဆုတောင်းလိုက်ပါတယ်။