ဒီနေ့တော့ဘာရယ်မဟုတ် ပစ်ထားတာကြာပြီဖြစ်တဲ့ ကိုယ့်blog လေးဘက်ခြေဦးလှည့်ရင်း ကိုယ်ကြိုက်တဲ့ blogger တွေထဲဝင်မွှေနှောက်မိတယ်။ဆရာမမေငြိမ်းရဲ့ နောက်ဆုံးရေးထားတဲ့ "ချစ်ရသူတွေကို လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" ၊ မမိုးငွေ့ရဲ့ "black sky"၊ မောင်မျိုး ရဲ့ "အဘ" အကြောင်းလေးတွေ ဖတ်ပြီး စိတ်အဆာပြေသွား။
အမသက်ဝေ ကိုတော့ ဖဘမှာ ဖောလိုလုပ်ထားတော့ သိပ်တော်တဲ့ သားလေးရဲ့မေမေသက်ရဲ့ စာတွေတော့ သိပ်မစိမ်း။ ကျမနှစ်သက်တဲ့ blogger ကိုညီလင်းသစ်တယောက်တော့ ပျောက်နေတုန်း။
ဖဘမှာ စာရေးကောင်းတဲ့သူတွေရှိပေမဲ့ blogလောက်မဖြူစင်ဘူးလို့ တခါတခါတွေးမိတယ်။ ဟုတ်တယ်လေ.. ဖဘမှာ like တာ ၊ share တာ ၊ commentရေးတာ တခါတလေ ဘော်ဒါအကန့်တွေပါတာသိနေတာကိုး။ blogမှာတော့ ကိုယ့်သူမသိ သူ့ကိုယ်မသိဆိုတော့ ကိုယ်ကြိုကြား ကြိုကြားရတဲ့ comment လေးတွေဆိုတစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေရော။ ပြီးခဲ့တဲ့ ၂နှစ်မှာ လူမှုရေး၊ စီးပွါးရေး ဘာတွေရှုတ်နေမှန်း မသိတာနဲ့ပဲ စိတ်ထဲပေါ်လာသမျှကို ဖဘမှာstatus ကောက်တင်လိုက် ကိုယ့်ဘာကိုယ်မြိုချလိုက်နဲ့ပဲ blogဘက်ကိုမရောက်ဖြစ်ဘူး။ အခုတော့ ပြန်ရေးချင်စိတ်ပေါ်လာလို့ စိတ်ထဲခံစားရသမျှရေးဖို့ ပြန်လာပါအုံးမယ် လို့။
စာတွေပြန်ရေးပါကွယ် ဘလော့ဂါတွေ စာမရေးကြတော့ဘူးဘလော့မှာ ကိုယ့်မှာ ဘယ်သူတွေ စာပြန်ရေးမလဲလို့ လိုက်ဖတ်နေတုန်း အမှန်တိုင်းပြောရရင် ကိုယ်က ကောမက်တွေ
ReplyDeleteမရေးပဲ တိတ်တိတ်လေး စာဖတ်သူပါ ကိုယ်က ဘလော့တွေဖတ်ရတာကြိုက်တယ် ဖဘက ကိုယ့်ကိုအာရုံနောက်စေတယ်
ချစ်တဲ့
စာဖတ်သူ
အားပေးတာကျေးဇူးတင်ပါတယ်။အခုတော့ရေးဖြစ်အောင် တကယ်ကြိုးစားနေပါတယ်။
ReplyDelete