Tuesday 27 August 2013

နောက်ကျနေသော အိတ်တလုံး (တဂ်ပို့စ်)

တခါမှတဂ်ပို့စ်ကိုမရေးဖူးပါဘူး။ မမသက်ဝေက အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်ဆိုပြီး ရေးဖော်ရေးဖက်အားလုံးကိုတဂ်ပါတယ်ဆိုတော့ ဘယ်ပြောကောင်းမလဲ။ ခုမှ စာစရေးပြီး ကိုယ့်ဘာကိုယ် အတင်း စီနီယာအကို အမတွေရဲ့ စာရေးဖော်လုပ်ပလိုက်တယ်။ ဒါပေမဲ့ သိတယ်မှတ်လား။ စိတ်ထဲမှာတော့ ငါ့အိတ်က ဒီအမလောက် မများပါဘူးပေါ့။ ရေးစရာမှရှိပါ့မလားလို့ တွေးတောင်ပူလိုက်သေး။ ဒါပေမဲ့ပေါ့လေ...

ပိုက်ဆံအိတ်ထဲမှာ
-တထွာခန့်ရှည်ပြီး ၁လက်မခန့်ထူသော မိန်းခလေးကိုင် အညိုရောင်သားရေ ပိုက်ဆံအိတ်တလုံး။ ပိုက်ဆံအိတ်ထူနေတာ အားလုံးထင်နေကြတဲ့အတိုင်း ပိုက်ပိုက်တွေမဟုတ်ပါဘူး။ ဘဏ်ကဒ်၊ ခရက်ဒစ်ကဒ်၊  စင်္ကာပူပီအာကဒ်၊ အိမ်နားကmallမှာ ခေါင်းလျှော်ရည်လို၊ ဆပ်ပြာရည်လိုမျိုး တခုခုလိုရင်အလွယ်တကူ ပြေးဝယ်နေကြ "watson"ကဒ်နဲ့ ဖိနပ်မြင်မနေနိုင် မထိုင်နိုင်ဝယ်ဖြစ်လွန်းလို့ မဖြစ်မနေထည့်ထားတဲ့ "Charles & Keith"က ကဒ်အမဲလေး။ နောက်ပြီး ပိုက်ဆံအိတ်နောက်က အကန့်ထဲမှာ ပလက်စတစ် အိတ်သေးသေးလေးနဲ့ ထည့်ထားတဲ့ ရုပ်ဆိုးဆိုးနဲ့ Passport ပုံတချို့( ခရီးသွားလို့ visa လျှောက်ရင် ရုပ်ဆိုးပုံတွေထပ်ပြီး မရိုက်ရစေရန် ) ပိုက်ဆံဆိုလို့ ၁၀တန် တချို့ရယ်၊ မြန်မာပြည်ပြန်တုံးကLuckရွှင်တယ်ဆိုပြီး သူများပေးထားတဲ့ ၅၀၀၀တန် တရွက်ရယ် ဒါပဲရှိတယ်။ ဘာတွေမှန်းမသိ ခေါက်သိမ်းထားတဲ့ စာရွက်တွေကို ဘယ်သူမှမမြင်ခင် လွှင့်ပစ်လိုက်သည်။
-ချည်ထည် အမည်းနဲ့ခရမ်းစပ်ထားတဲ့ မြန်မာပြည်ဖြစ်နောက်ထပ် ပိုက်ဆံအိတ်တလုံး။ဒီအိတ်ကို အများအားဖြစ် ရုံးကနေ နေ့လည်စာထွက်စားတဲ့အခါသုံးပါတယ်။အထဲမှာ ၁၀တန် တချို့၊၂ကျပ်တန် တချို့ နဲ့ ချမ်းသာသမျှ အကြွေ တွေပါ။ ကျမက တကျပ်နဲ့ပြား၅၀ အကြွေကိုစုဘူးထဲထည့်ပါတယ်။ စုဘူးသုံးတဲ့ အကြောင်းရင်းက အကြွေတွေက လေးလို့ပါ။နောက်တခုက စုဘူးဖောက်ရင် ၁၀၀မျိုး ၂၀၀မျိုးပိုက်ဆံထွက်လာတာဆိုတော့ shopping လုပ်ဖို့ အပိုရတာပေါ့။ဟုတ်ဘူးလား။ ဒီထဲမှာနောက်ထပ်တွေ့တာ ဘယ်တော့မှ မသုံးဖြစ်တဲ့ ကလစ်အသေးတခု၊ Challenger ကအလကားရထားတဲ့ ပန်းရောင် 8G thump drive တခု။
-ရာသီမရှိပဲ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ဒီနိုင်ငံမှာ ထီးမယူဘဲ နေပူကြီးထဲလျှောက်သွားလို့ အပူရှပ်လိုက်၊ မိုးရွာထဲဖြတ်ပြေးလို့အအေးပတ်လိုက်ဖြစ်နေတဲ့ ကျမကိုမကြည့်ရက်လို့ သူငယ်ချင်းအမေဝယ်ပေးသွားတဲ့ သရက်သီးတံဆိပ် ပန်းရောင်ထီးတချောင်း။
-ရုံးထဲဝင်ဖို့ ကဒ်။
-ရထား၊ ကားစီးဖို့ EZ link ကဒ်။
-အနက်ရောင်မှန်ဝိုင်းလေးတခု၊ အဆီစုပ်စက္ကူ တထုတ်၊ Macက မျက်နှာလိမ်း  ပေါင်ဒါတဗူး ၊ နှုတ်ခမ်းနီ ၃တောင့်က ကိုယ်အပူချိန်ကိုလိုက်ပြီး အရောင်ပြောင်းတယ်လို့ ကြေငြာတဲ့ အဆီတမျိုး၊ လက်ဆောင်ရပြီး ကျမနဲ့သိပ်မလိုက်ပေမဲ့ ဆိုးဖြစ်နေတဲ့ ပန်းရောင် တတောင့်၊ လိမော်ရောင် နောက်ထပ်တတောင့် (တခါမှ ရုံးမှာထုတ်မဆိုးဖြစ်၊ ဘာကြောင့်သယ်နေမှန်းမသိ)
-Evelyn Crabtree Hand cream တတောင့် နဲ့ အစုံသုံး လိုးရှင်းတဘူး။ (ဒါလဲ တော်ရုံထုတ်မလိမ်းဖြစ်)
-ရေမွှေးအဆီပုလင်းသေးသေးလေးတခု၊ မှတ်မှတ်ရရ Arab Stက ဝယ်လာတာ၊ နည်းနည်းသုံးပြီး အနံ့အရမ်းချိုအီလို့ အခုမကြိုက်တော့။
-ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း စာရွက်နဲ့ ရုံးသွားရုံးပြန်လမ်းမှာရွတ်ဖို့ ရည်ရွယ်ပြီးထည့်ထားတဲ့ ပရိတ်ကြီးဆယ့်တသုတ် မြန်မာပြန် (အမေကတော့ပြောတယ်. ဘုရားစာအုပ်လေးပါတာတော့ မဆိုးပါဘူးတဲ့။ သူ့သမီး အမြဲမရွတ်ဖြစ်တာ သိပုံတော့ရသား)
-Pasco ပန်းရောင် - သုံးနေဆဲ tissue တထုတ်။
-Menthol တတောင့်။
-Ibanking remote တစ်ခု
-ဟိုနေ့ကမှ အောက်ပြုတ်ကျပြီးကြေသွားတဲ့ မှန်နဲ့ရုပ်ဆိုးနေတဲ့ iphoneလေးနဲ့ ဖြစ်သလိုထည့်ထားတဲ့ နားကျပ်။
-ebook တွေနဲ့ သီချင်းတွေထည့်ထားတဲ့ အဖုံးအနီနဲ့ Ipadလေး။
-ဘောပင် ၂ချောင်း၊ တချောင်းက မီးထွန်းဖို့ (ဟီး စတာ)။ တချောင်းက အပြာရောင် ဘောပင်သေးသေးလေး။ ပုလဲ သရဖူလေးပါလို့ ဒီဇိုင်းလေးချစ်လို့ ထည့်ထားတာ၊ ရေးလို့ကတော့ မကောင်း။ ဒီတော့ရေးကောင်းတဲ့ Uni ball နောက်ထပ် အနက်ရောင်တချောင်းထပ်ထည့်။
-ရှိသမျှ သော့တွေတွဲထားတဲ့ သော့တွဲတခု။



ဒါကတော့ နေ့စဉ်ကျမ အိတ်ထဲမှာပါနေကျတွေပါ။ သွားမည့်နေရာနဲ့ အချိန်ကိုလိုက်ပြီး တခါတလေ အိတ်ထဲမှာ ပုဝါလဲပါ၊ cameraလဲပါနဲ့ ကျမကတော့ အိတ်ကြီးကြီးကိုင်ပြီး ကြုံသလိုကို ပစ်ထည့်နေတော့တာ။  နေမကောင်းပဲ ရုံးသွားတဲ့ရက်တွေဆို Raffle Medical ဆေးအိတ်လေးတောင်ပါသေး။ အိတ်ထဲမှာရှိတာတွေချရေးပြီးတော့ "ငါ့အိတ်က ဒီအမလောက် မများပါဘူး" လို့  အရင်ကတွေးမိတာ ပြန်တွေးမိတော့ အသံထွက်အောင်တောင်ရီမိသေးတယ်။ ပြီးတော့ ကျမအိတ်က သူများတွေလို ပစ္စည်းတွေက သူ့အမျိုးအစားနဲ့သူ သပ်သပ်ရပ်ရပ်၊စီစီရီရီထည့်ထားတာ မဟုတ်ဘူးရယ်။ အိတ်ကြီးထဲက အတွင်းအိတ်လေးတွေထဲ  ကြုံသလိုထည့်ထားတာလေး။ ကိုယ့်အိတ်ကိုကိုယ်ပြန်ကြည့်ပြီး "အော် ..ငါတို့ငယ်ငယ်ကသင်ရတဲ့ အရူးလွယ်အိတ်ဆိုတာ ဒါမျိုးနေမှာ" လို့တွေးရင်း ဒီ တဂ်ပို့စ်ကို ချစ်ခင်စွာရေးပါသည်။

10 comments:

  1. ဟားဟား... ကြည့်... အခုလို သွန်ချလိုက်တော့ အများကြီး ထွက်လာရော မဟုတ်လား... အသုံးမလိုတာတွေကို သတိထားပြီး လျှော့ပစ် ညီမ... တလေးတလံကြီး ထမ်းပိုးမထားနဲ့...

    Tag Post လေး ရေးပေးတာ ကျေးဇူးတင် ချစ်ခင်... <3

    ReplyDelete
    Replies
    1. ခုလို သတိတရလာလည်တဲ့ မမကိုလဲကျေးဇူးတင်ချစ်ခင် xoxo

      Delete
  2. အို..အိတ်ထဲ ထည့်ထားတာ အများကြီးပါလား...ညီမရေ..
    တို့တွေ မိန်းမသားဆိုတာက ...
    နှမျောလို့... လိုရင်သုံးဖို့နဲ့ အိတ်ထဲ များနေတာ...သတိမပြုမိကြဖူး...
    အခု tag post လေးကြောင့် သိလာရတယ်နော်...

    ခင်မင်သော -
    မြသွေးနီ

    ReplyDelete
  3. အဟားဟား.. “ဒီအစ်မလောက် မများပါဘူး” နဲ့ စပြီး “အင်း.. ဒီအစ်မလို များသားပဲ” နဲ့ ပြန်ပိတ်ထားတာလေး သဘောကျသွားပြီ၊းD ဒီအစ်မလို အိုင်ပက်ကလည်း ပါသေးတာဆိုတော့ သေချာပြီ၊ အနည်းဆုံး ၃ ကီလိုခွဲပဲ...၊း)

    ညီမ (ကျနော့်ထက် ငယ်မယ်ထင်လို့ ညီမလို့ပဲ ရဲရဲသုံးလိုက်ပြီ) ရဲ့ အိတ်က အကြီးကြီး ဖြစ်တဲ့အပြင် အထဲမှာလည်း အိတ်လေးတွေ ပါသေးတယ်ဆိုတော့ အိတ်ထဲက ပစ္စည်းတွေသာ အသက်ရှိမယ်ဆိုရင် သူတို့စိတ်ထဲ လှိုဏ်ဂူကြီး တစ်ခုထဲက ဝင်္ကပါထဲ ရောက်နေတယ်လို့ ထင်မှာပဲနော်၊ ဟိုတစ်ခန်းဝင် ဒီတစ်ခန်းထွက်နဲ့ လမ်းတွေဘာတွေ ပျောက်ပြီးတော့လေ....။းD

    ReplyDelete
  4. ကိုညီလင်းရေ အိတ်ကိုမချိန်ရဲဘူးရယ်။ မမသက်ဝေပြောသလို မလိုတာလေးတွေလျှော့ပြီး လိုတာလေးတွေပြန်ထဲ့လိုက်တာ အိတ်အလေးချိန်ကမထူးဘူး xP

    ReplyDelete
  5. ပုံလဲ မပါဘူး... ပုံ ပြပါ...

    ReplyDelete
  6. အိတ်ကြီး လေးနေတော့မှာပဲ....
    ပုံလေးမြင်ရရင် ပို ရင်မော..အဲလေ ပို အသက်ဝင်နေမှာပဲ :D
    တဂ်ပို့စ်လေးကို ချစ်ခင်စွာဖတ်သွားပါတယ်ရှင်
    လင့်လည်း ယူသွားပါတယ်နော်... :)

    ReplyDelete
  7. မစုချစ် နဲ့ အိမ်စည်ရေ
    ဓာတ်ပုံကြည့်ရင်းနဲ့ ရင်တွေဘာတွေမောမှာမှာစိုးလို့ပါ။
    ရှင်းပြီးသား အိတ်ပြမယ် ကြည့်မလား?းD

    ReplyDelete
  8. တဖြည်းဖြည်း ပြရင်တော့ ကြည့်မယ်
    ကိုယ် ကလည်း ရင်မောတတ်တော့ :P

    ReplyDelete
  9. ပုံမြင်ရတာတော့ မရှုပ်ပါဘူး ညီမလေးရ... သြော်... ဒါက ရှင်းပြီးသား အိတ်လား...
    :)

    ReplyDelete