Tuesday 30 September 2014

ထောင့်ဖြတ်လမ်းကြား နဲ့ Gringottsဘဏ်တိုက်

 ကျမနဲ့ ဟယ်ရီပေါ်တာ

ပထမဦးဆုံးအနေနဲ့ ယူနီဗာဆယ် စတူဒီယိုက ထောင့်ဖြတ်လမ်းကြား (Diagon Alley) ကို အရင်သွားရအောင်ပါ။အင်္ဂလန် နိုင်ငံမှာရှိတဲ့  ဟော့ဝပ်မှော်အတတ်သင်ကျောင်း အတွက် လိုအပ်သမျှကို ထောင့်ဖြတ်လမ်းကြားမှာဝယ်လို့ရပါတယ်။ Leaky Cauldron လို့နာမည်ခပ်ဆန်းဆန်းပေးထားတဲ့ ဘား အနောက် ဘက်ခြမ်း ထဲမှာရှိ တဲ့ မှော်ပစ္စည်း အရောင်းဆိုင်တွေအကြောင်း မှော်ဆရာတွေက လွဲပြီးသာမန်လူတွေမသိနိုင်ပါဘူး။ Leaky Cauldronကနေ  ထောင့်ဖြတ်လမ်းကြားကိုသွားချင်ရင် ဘားရဲ့အတွင်းဘက် နံရံအုတ်ချပ်တွေကို မှော်ကြိမ်လုံးနဲ့တို့လိုက်တဲ့အခါမှ အုတ်ချပ်တွေရွေ့သွားပြီး  ထောင့်ဖြတ်လမ်းကြား ကိုဝင်တဲ့ တံခါးပေါက်တခုဖြစ်သွားပါတယ်။

ထောင့်ဖြတ်လမ်းကြား အဝင်ပေါက်။


Leaky Cauldron ဆိုင်အတွင်းပိုင်းအပြင်အဆင်။ (ဒီပုံကိုတော့ Official website ကယူပါတယ်။)

အစားအသောက် မီနူး။  (Leaky Cauldron မှာ အမေရိကန်Fast Foodတွေမရှိပဲ အင်္ဂလိပ်လူမျိုးတွေရဲ့ ရိုးရာအစားအစာတွေပဲရောင်းပါတယ်။ )
 ထောင့်ဖြတ်လမ်းကြားကို ပထမနှစ်ကျောင်းသားလေး ဟယ်ရီ ပထမဦးဆုံးအကြိမ်ရောက်သွားတုံးက "မျက်လုံးတွေ အများကြီးပါလာရင် ကောင်းမှာပဲ" လို့တွေးမိသလိုမျိုးပါပဲ။  ဆေး ကြိုတဲ့ သံဒယ်အိုးပုံကြီးတွေ၊ ကျောင်းသုံးစာအုပ်အရောင်းဆိုင်တွေ၊ ကျောင်းဝတ်စုံဆိုင်တွေနဲ့  ဖလော်ရီဒါရဲ့ ခပ်ပြင်းပြင်းနေရောင်အောက်မှာ Diagon Alley ကအသက်ဝင်လှပါတယ်။

ကျောင်းသုံးဖတ်စာအုပ် အရောင်းဆိုင် ပြတင်းပေါက်။

ကျောင်းဝတ်စုံဝယ်ဖို့  Madame Malkins ရဲ့  ဝတ်ရုံအမျိုးမျိုး အရောင်းဆိုင်။

ကမ္ဘာ့အမြန်ဆုံး Firebolt တံမြက်စည်းပျံ။

 မှော်ဆရာ၊ဆရာမ ဝတ်ရုံတွေဝတ်ထားတဲ့ ဝန်ထမ်းတွေအပြင်  ဟော့ဝပ်ကျောင်းဝတ်စုံ ဝတ်ရုံအမည်းအရှည်တွေဝတ်ထားတဲ့ လူကြီးလူငယ်တွေလဲမရှားလှပါဘူး။ လူတိုင်းနီးပါးရဲ့ လက်ထဲမှာတွေ့ရမှာကတော့ မှော်ကြိမ်လုံးလေးတွေပါ။ ထောင့်ဖြတ်လမ်းကြားရဲ့ သက်မှတ်ထားတဲ့နေရာတွေမှာ မှော်ပညာသုံးခွင့်ရှိပါတယ်။ မှော်ပညာကို အသုံးပြုဖို့ မှော်ကြိမ်လုံးလေးတွေလိုတာပေါ့လေ။
                                               (ဒီပုံကို Google ကယူပါတယ်။)

ဟယ်ရီလိုပဲ ဘာပစ္စည်းမှမဝယ်ခင် ကမ္ဘာ ပေါ်မှာ ဟော့ဝပ်ကျောင်းကြီးပြီးရင် အလုံခြုံဆုံးနေရာလို့ဆိုတဲ့ Goblinမှင်စာလေးတွေရှိတဲ့ Gringotts ကို အရင်သွားလည်ရအောင်ပါ။ Gringotts က Harry Potter Theme Parkရဲ့ နောက်ဆုံးဖွင့်တဲ့ လည်စရာနေရာတခုဖြစ်လို့ အရမ်းလူများပါတယ်။ ဘဏ်ထဲမှာ ဟယ်ရီ့လို ငွေထုတ်လို့မရပေမဲ့ ဟယ်ရီ၊ ရွန်၊ ဟာမီရွန်တို့နဲ့ 
တူတူ  မိစ္ဆာကြီး Voldemort နဲ့ Bellatrix Lestrange တို့ရဲ့ ကျိမ်စာရန်ကနေ ထွက်ပြေးလို့ရပါတယ်။   Gringotts ဘဏ်တိုက်ရဲ့ သံမဏိခန်းတွေကို လေ့လာရင်း၊ Goblinမှင်စာလေးတွေကိုအနီးကပ်နှုတ်ဆက်ရင်းပေါ့လေ။ Harry Potter and the Dealthy Hallows ဆိုတဲ့ရုပ်ရှင်ကို ကြည့်ဖူးရင် Gringottsဘဏ်တိုက်ထဲကဇာတ်ဝင်ခန်းလေးနဲ့ ရင်းနီးပြီးသားဖြစ်မှာပါ။ "Escape from Gringotts"လို့ ခေါ်ပါတယ်။ 

Gringottsဘဏ်တိုက်ရှေ့က ရွှေပုံပေါ်မှာရပ်နေတဲ့ Goblinမှင်စာရုပ်ပါ။

ချိတ်ထားတဲ့ ကြေငြာသင်ပုံးတွေ။

Gringottsဘဏ်ရဲ့ တည်နေရာ။  

ဘဏ်ထဲမှာ အလုပ်များနေတဲ့ Goblinလေးတွေ။  


ဘဏ်ထဲမှာသုံးတဲ့ လှည်းကလေး။


Gringottsဘဏ်တိုက်ပေါ်က နဂါးကြီး။

Diagon Alleyရဲ့  အတွင်းတနေရာမှာတော့ မိစ္ဆာ ပြုစားတဲ့အတတ် (Dark Magic/Dark Arts)ကို စိတ်ဝင်စားတဲ့သူတွေ ကျက်စားရာနေရာတခုရှိပါတယ်။

Knockturn Alleyက လူတွေပြည့်ကျပ်စည်ကားမနေပဲ လမ်းကျဉ်းကျဉ်း မှောင်မှောင်လေးတွေကြားထဲက ဖြတ်သွားမှရောက်ပါတယ်။ Knockturn Alleyမှာ ထင်ရှားတဲ့ဆိုင်ကတော့  Borgin and Burkes လို့ခေါ်တဲ့ စုန်း၊ကဝေ၊မိစ္ဆာအတတ်တွေနဲ့ ပြုစားထားတဲ့ အရာဝတ္ထုတွေ ကျိန်စာသင့်နေတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်ပါ။



လှတယ် ဆိုပြီးသွားမထိနဲ့နော်။မက်ဂယ် ( မှော်ဆရာအသိုင်းအဝိုင်းက မှော်ပညာမတတ်တဲ့သူတွေကို မက်ဂယ် - Muggle လို့ခေါ်ပါတယ်)  ၁၉ ယောက်သေခဲ့တယ်ဆိုတော့ ကျိန်စာသင့်ဆွဲကြိုး။
ဝီစလီအမွှာ၂ယောက်ပိုင်တဲ့ ကစားစရာပစ္စည်းတွေရောင်းတဲ့ဆိုင်(Joke Shop)က ထောင့်ဖြတ်လမ်းကြားထဲမှာအထင်ရှားဆုံးပါပဲ။ 


ဖရက်နဲ့ ဂျော့တို့က ဟယ်ရီ မှော်ကျောင်းသုံးကျောင်းရဲ့ သုံးပွင့်ဆိုင် မှော်ပညာပြိုင်ပွဲမှာ အနိုင်ရတဲ့ငွေနဲ့အရင်းအနီးပြုပြီး သူတို့ရဲ့ဆိုင်ကို ထောင့်ဖြတ်လမ်းကြားမှာဖွင့်ခဲ့တာပါ။ သူတို့နှစ်ယောက်က အင်မတန်ပျော်ပျော်နေတတ်တဲ့ လူရွှတ်,၊ လူနောက်ကလေးတွေဖြစ်တဲ့အလျှောက် သူတို့တီထွင်လိုက်တဲ့ ပစ္စည်းတွေကလဲ ရွှတ်နောက်နောက်နဲ့ ချစ်စရာလေးတွေပါ။

ဥပမာ - ဝမ်းသွားချင်ရက်နဲ့ ဝမ်းပိတ်နေတဲ့သူတယောက်လို ခံစားမှူမျိုးပေးတဲ့ "U-No-Poo" ကိုကြေငြာထားပုံက
 

"WHY ARE YOU WORRYING ABOUT YOU-KNOW-WHO?
YOU SHOULD BE WORRYING ABOUT U-NO-POO
THE CONSTIPATION SENSATION THAT'S GRIPPING THE NATION!"




စုန်းမိစ္ဆာကြီး Voldemortကို နှိမ်နှင်းရေးဆွေးနွေးပွဲကို ခိုးနားထောင်ဖို့ သုံးခဲ့ဘူးတဲ့ Extenable Ear

အမွှာညီနောင်ရဲ့ ထင်ရှားတဲ့သင်္ကေတ မီးရှူးမီးပန်းတွေ။ သူတို့တီထွင်လိုက်တဲ့ မီးရှူးမီးပန်းတွေက ဖောက်ပြီးတဲ့အခါ လနဲ့ချီကြာအောင် အသံမရပ်၊ မီးမငြိမ်းအောင် ဖန်တီးထားတယ်လို့ စာအုပ်ထဲမှာရေးထားပါတယ်။ ခုလို သီတင်းကျွတ်အချိန်ဆိုအတော်ပဲနော်။

Puking Pastilles က  စာသင်ချိန် အတန်းလစ်ဖို့ ခပ်ဆိုးဆိုးကောင်လေး ဖရက်နဲ့ ဂျော့ရဲ့ နောက်ထပ် တီထွင်မှူတမျိုးပါ။ သကြားလုံးရဲ့ လမ္မော်ရောင် အခြမ်းကိုစားရင် အန်မယ်။ ခရမ်းရောင်အခြမ်းကိုစားရင်တော့ အအန်ရပ်ပြီး ချက်ခြင်းပြန်နေကောင်းသွားမှာဆိုတော့ ဆေးခွင့်ယူဖို့ အဆင်အပြေဆုံးပေါ့။ 


ဒီလောက်ဆို ဟော့ဝပ်ကိုသွားဖို့လိုတဲ့ပစ္စည်းတွေလဲဝယ်လို့ စုံပြီဆိုတော့ နောက်တခေါက်ကြရင် လန်ဒန် King Crossဘူတာရုံကနေ  ဟော့ဝပ်ရထားကြီးစီးပြီး ခရီးထွက်ကြရအောင်ပါ။

King Cross ဘူတာရုံ၊ ပလက်ဖောင်း ၉-၃/၄ နဲ့ ဟော့ဝပ်မှော်အတတ်သင်ကျောင်း

4 comments:

  1. ဒီအပုဒ်ကို အရင်ဖတ်လိုက်တော့ ကြောင်သွားတယ်..။ အဲဒါနဲ့ အရင်အပုဒ်ကို ပြန်သွားဖတ်ရတယ်..။
    စိတ်ဝင်စားစရာပဲ .။ စာအုပ်ထဲက မြင်ကွင်းတွေ အပြင်မှာ မြင်ရတာ သိပ်ရင်ခုန်စရာကောင်းမှာပဲ..။

    ReplyDelete
    Replies
    1. ထင်တော့ထင်တယ်။ ဒီအပုဒ်ကို အရင်ဖတ်မိကြရင် ဘာမှန်းသိကြမှာမဟုတ်ဘူးလို့။ အပေါ်ဆုံးမှာအခုတော့ ပထမပိုင်းဆိုပြီး လင့်ချိတ်ပေးထားတယ်။ ဟယ်ရီပေါ်တာ theme parkက Adoraရောက်ဖူးတဲ့ ယူနီဗာဆယ် ကစားကွင်းနေနဲ့သိပ်မတူဘူး။စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ နာမည်ပေးထားတဲ့အတိုင်း တကယ်ကို မှော်ဆရာတွေအတွက် ကမ္ဘာသက်သက် ကလေး။ ဈေးဆိုင်တွေကလဲ စာအုပ်ထဲမှာရေးထားသလို၊ ရုပ်ရှင်ထဲမှာမြင်ရသလို ရှေးရှေးတုန်းက လန်ဒန်အဆောက်အအုံတွေပုံစံမျိုး အချိန်ယူပြီး ဒီဇိုင်းဆွဲခဲ့တာလို့ ဖတ်ဖူးတယ်။ Adoraလို ဟယ်ရီပေါ်တာရူး tအတွက်ကတော့ပြောမနေနဲ့။ သဘောကျလိုက်တာမှ ပြန်တောင်မထွက်ချင်ဘူး။ ဟီးဟီး

      Delete
  2. U-No-Poo ကိုတော့ သဘောကျသွားပြီ...၊း))
    ကိုယ်က ဟယ်ရီပေါ်တာ နဲ့ နည်းနည်းဝေးတဲ့သူ ဆိုတော့ ဟောဒီ theme park လေးအကြောင်း အရင်က မကြားဖူးဘူး၊ ပုံတွေကိုကြည့်ရင်း စိတ်ဝင်တစားနဲ့ ဖတ်သွားတယ် ညီမရေ...။

    ReplyDelete
    Replies
    1. ညီမစိတ်အဝင်စားဆုံးကတော့ Puking Pastilles အကိုရေ။ အလုပ်ကနေ တခါတလေများ ဆေးခွင့်ယူချင်ရင် စားထားရုံပဲ။အဲ Food Poisoning ဆိုပြီးဆေးထိုးလိုက်ရင်တော့ ဒုက္ခ။ :D

      Delete