Tuesday, 6 May 2014

ကျမ၏ရောက်တတ်ရာရာအတွေးများ

မနေ့က ဆေးရုံမှာဆေးသွားစစ်တယ်။ စိုးရိမ်တဲ့ဟာက ဘာမှမဖြစ်ဘဲ လိုလိုပိုပိုစစ်တဲ့ဟာက ဆရာဝန်နဲ့တွေ့ပြီး ဆွေးနွေးဖို့လိုတယ်တဲ့။ ဆေးရုံကပြန်လာပြီးကတည်းက ဒီအဖြေကိုစောင့်လိုက်ရတာ တညနေလုံး၊ တညလုံး။ သိရပြန်တော့လဲ မစိုးရိမ်ဖို့ဘယ်လောက်ပြောပြော ရင်ထဲမှာကျပ်ပြီး မျက်ရည်ကြီးပဲကျချင်နေတော့တာ။ တခုခုဖြစ်ပြီဆိုမှ ကိုယ့်ဘာကိုယ်သတိထားမိတယ်။ ဒီဘဝမှာ ကိုယ်လုပ်ချင်တာတွေမလုပ်ရသေးဘူးဆိုတာ။

ဒါကြောင့် လူကြီးတွေဆုပေးရင် "ကျန်းမာ ချမ်းသာပါစေ" ဆိုပြီး "ကျန်းမာ" အရင်လာတာနေမှာ။ မ ကျမ်းမာရင် လူတင်မဟုတ်၊ စိတ်ပါထိခိုက်တာဆိုတော့ ပိုက်ဆံတွေအများကြီးရှိလဲမထူးဘူးမှတ်လား။ မလိုအပ်သေးပဲအများကြီးစိတ်ပူနေလို့တဲ့ ဆူတဲ့သူကဆူတယ်။ ဒါပေမဲ့ စိတ်ပူတယ်ဆိုတာ  ပူစရာရှိလို့ပေါ့လို့ ကျမကတော့ခေါင်းမာမာနဲ့တွေးတာပဲ။ ဟုတ်တယ်လေ ဘယ်သူကတော့အပျော်စိတ်ပူပါ့မလဲ။ မဟုတ်ဘူးလား။ ကိုယ့်ဘာကိုယ် တချိန်လုံးပြောဖြစ်နေတာက အားကစားလိုက်စားဖို့၊ ကျန်းမာရေးနဲ့ညီအောင်စားဖို့၊ ဝိတ်နည်းနည်းလျှော့ဖို့။ လုပ်ချင်နေတာက မသေခင် လုပ်ချင်တာလေးတွေလုပ်ထားရအောင် တနေရာမှာချရေးထားဖို့။ ကျမတယောက်နဲ့လဲခက်ပါတယ်။

2 comments:

  1. ဘာဖြစ်မှန်းမသိပေမယ့် စိတ်တော့အရမ်းမပူပါနဲ. အမရယ် ။ စိတ်ပူ တော့ကိုယ်ပိုပင်ပန်းတာပေါ့။

    ReplyDelete
  2. Anonymous - ညီမလေးကျေးဇူးတင်ပါတယ်နော်။ ဆရာဝန်နဲ့တော့ထပ်သွားတွေ့ရအုံးမယ်။း(
    အရင်ကထက်တော့ စိတ်ထားတတ်နေပါပြီ။

    ReplyDelete